Saturday, 8 August 2015

ကျွန်....လို့ ခေါ်ရက်သလား...?

ကျွန်....လို့ ခေါ်ရက်သလား...?

နိုင်ငံခြားရောက် ကျွန်တွေတဲ့လား....?

သူများနိုင်ငံမှာ ကျွန်ဖြစ်ဖို့အတွက် လွယ်တယ်လို့

မထင်လိုက်ပါနဲ့....

နုပျိုခြင်းတွေ ငွေနဲ့လဲရမှ

မိမရှိ ဖမရှိ ဆွေမရှိ မျိုးမရှိ တဲ့နေရာမှာ

နေရဲတဲ့ ''ဇ'' ရှိမှ. . . .

နေမကောင်းလို့ မထနိုင်တာတောင်

ဖေးမတဲ့သူမရှိလို့

ဆေးတစ်ခွက်သောက်ဖို့တောင်

ကိုယ်ထူကိုယ်ထ အားရှိမှ.. . . .

မြန်မာဆိုရင်မချဉ်အောင် လို့

နေတတ်အောင်နေရတဲ့

နိုင်ငံတာဝန်သေးသေးလေး

ထမ်းဆာင်နေရတဲ့ သိတတ်မှု ရှိမှ. . .

ဘာသာစကား အခက်အခဲ ချွေးပြန်နေရတဲ့ကြားထဲ

အထင်သေးမျက်လုံးတွေကြား အားခဲ သီးခံပြီး

ကြိုးစားနိုင်မှ. . . .

ငွေရရက် တစ်ရက်လေးပျော်ဖို့အရေး

တစ်လလုံးလုံး ကြိတ်မှိတ်သည်းခံစိတ်ရှိမှ. . . . .

အဝေးက အဆောင်အယောင် ရိုးရာပွဲတွေ

အာသာပြေကျေနပ်ရဲမှ. . . . . .

လူတစ်ယောက်ရဲ့ လုံလောက်တဲ့ အိပ်စက်ချိန်

၈'''နာရီဆိုတာကို အံတုလို့ နေ့စဉ်ရက်တိုင်း

၆'''နာရီတောင် မလုံလောက်တဲ့ အိပ်ချိန်တွေကြား

နှိုးစက်သံကြား ခပ်ယဲ့ယဲ့အားအင်တွေကို

မာန်တင်းလို့ တစ်နေ့တာ အစပြုဖို့ နိုးထားရတဲ့

ဘဝတွေကို ကိုယ်ချင်းစာနိုင်ပါစေ. . . . .

ဒီ ''ဇ'' မရှိရင် ကျွန်ဖြစ်ခွင့်မရှိဘူး

သူတစ်ပါးဆီက မတရားအနိုင်ကျင့် ခိုးစား

ခေါင်းပုံ ဖြတ်နေတာလည်းမဟုတ်ရပါဘူး

ကိုယ့်ဘဝကိုယ် ရောင်းစားနေတာမဟုတ်ဘူး

ကိုယ့်သိက္ခာ ကိုယ်ရောင်းစားနေတာ မဟုတ်ဘူး

ရိုးသားစွာ ရပ်တည် ပင်ပန်းကြီးစွား ရုန်းကန်နေကြ

ရတာ . . .ကိုယ့်ကိုယ်ကို ကိုယ်အားကိုး

ကိုယ့်အလုပ် ကိုယ်ကြိုးစားနေရတဲ့ဘဝမှာ

သင့်ရဲ့ ကိုယ်ချင်းစာစိတ်ကို အရောင်ဆိုးလို့

ကျွန်လို့ခေါ်ရက်သလား. . . . . .

ငါတို့ရိုးသားမှုရှိရင် '''သခင်''ပဲ

လက်ညှိုးထိုးတတ်သူတွေသာ. . . .

(ပြန်လည်ကိုးကားထားပါသည်)


0 comments:

Post a Comment